Saturday, April 14, 2012

မုန့်လုံးရေပေါ်


မုန့်လုံးရေပေါ်လေး စားသွားကြပါဦး နော်

Friday, April 13, 2012

ဘူးသီးကြော်



ဘူးသီးကြော်လေး စားသွားကြပါဦးနော် ဒီနေ့မီးလေးအိမ်မှာလုပ်စားကြတား-)

Tuesday, February 14, 2012

happy valentine's day ပါ

valentine's day တဲ့ ချစ်သူစုံတွဲတွေပျော်ပျော်ရွှင်ရွှင်လျှောက်လည်နေကြတဲ့ အချိန်မှာ မီးလေးတို့အတွဲကတော့ ညကတည်းကစကားတွေများ ရန်တွေဖြစ် ၀မ်းနည်းလိုက်ငိုလိုက် ဒေါသ ထွက်လို့ပြန်ပြောထည့်လိုက် ကိုယ်ပြောတဲ့စကား လွန်သွားလို့ ပြန်တောင်းပန်လိုက် နားလည်မှုရလို့အဆင်ပြန်ပြေသွားလိုက် ခဏနေစိတ်အခန့်မသင့်ဖြစ်စရာတွေ့လို့ စိတ်ဆိုးရ၊ပြန်ချော့ရနဲ့ လုံးလည်ချာလည်ကိုဖြစ်နေတာ နဲ့ပဲတစ်ရက်ကုန်ဆုံးသွားခဲ့တယ် .....၊
အမှန်တော့ချစ်သူများနေ့ဆိုတာ တစ်ရက်ထဲရှိတာမှ မဟုတ်ပဲလေနော် ..... ချစ်သူနဲ့တူတူနေရတဲ့ နေ့ရက်တိုင်းက ကိုယ့်အတွက်အမြဲတမ်းအမှတ်ရနေမယ့် အချစ်ရဲ့နေ့စွဲတွေပဲပေါ့.....

မီးလေးကတော့ ချစ်သူသာအနားမှာရှိနေရင် အလိုလိုနေရင်းခွန်အားတွေရှိနေတာပါပဲ...

ချစ်သက်တမ်းတစ်လျှောက်မှာ valentine's day ကိုတော့ (၃)ကြိမ် ကျော်ဖြတ်ခဲ့ပြီးပြီး
သေချာတာကတော့ ဒီနှစ်မှာ ချစ်သူကိုပိုယုံကြည်ပြီး အားကိုချင်စိတ်တွေများလာတာတော့အမှန်ပဲး)

ချစ်သူအတွက်ဆိုမလှပပေမယ့် ကိုယ်ကိုယ်တိုင်လုပ်ပေးချင်တဲ့ဆန္ဒနဲ့ သူ့အတွက် အမှတ်တရ ကဒ်လေးလုပ်ပေးမိတယ် .............း-)
ကဒ်မလုပ်ခင်မှာ youtube က ကဒ်လုပ်နည်းတွေကိုသေချာကြည့် စာရွက်တွေလိုက်ဝယ် လိုချင်တာလဲမရ
စိတ်တိုင်းလဲမကျနဲ့ နောက်ဆုံးတော့လဲ ကိုယ့် idea နဲ့ကိုယ်ပဲ လုပ်ကြည့်လိုက်တယ် ဟဲဟဲ
သူ့ဟာနဲ့သူဖြစ်သွားတာပဲလေနော် ......း)

အားလုံးပဲချစ်သူများနေ့မှာ လွတ်လွတ်လပ်လပ်ပျော်ရွှင်နိုင်ကြပါစေနော် :P

Wednesday, February 1, 2012

ကြက်ဆီထမင်း (သို့) ထိုင်း ခေါက်မန်ကိုင်


ကြက်ဆီထမင်းအတွက် ......

လိုအပ်ပစ္စည်းတွေကတော့

၁။ကြက်အလတ်စား တစ်ကောင်(ပေါင်ခြမ်းသတ်သတ်ဆိုရင်လဲရပါတယ်)
၂။ကြက်သွေး(ကျက်ပြီးသား) လိုသလောက်ထည့်လို့ရပါတယ်
၃။ကြက်သွန်ဖြူ(နုတ်နုတ်စင်းပြီးသား စားပွဲတင်ဇွန်း၅ဇွန်း)၊ကြက်သွန်မွှာကြီး ၇မွှာ၊
၎။သကြား(ရေနွေးကြမ်းပန်ကန်လုံး တစ်လုံးစာ)
၅။ဂျင်း(လက်၃ဆစ်အရွယ်၃ခု)
၆။ငရုတ်သီးအနီ(လက်နှစ်ဆစ်အရွယ်၎-၅တောင့်)
၇။နံနံပင်(အမြစ်ပါ ..၃ပင်)
၈။ပဲပုတ်ရည် (ပဲပုတ်ရည်မရှိပါက ရိုးရိုးပဲပုတ်လဲရပါတယ်)
၉။ပဲဆီ(အနောက်)စားပွဲတင်ဇွန်း၁ဇွန်း၊
၁၀။ပေါ်ဆန်းမွှေး နို့ဆီဘူး၃ဘူး
၁၁။ဆီအနည်းငယ်
၁၂။ဆားအနည်းငယ်
၁၃။သခွားသီး
၁၄။ရှာလကာရည် စားပွဲတင်ဇွန်း၎ဇွန်း .... တို့ပဲဖြစ်ပါတယ်

ချက်ပြုတ်နည်းကတော့

၁။ကြက်သားများကိုစွပ်ပြုတ်လုပ်ရန်အတွက် အိုးတစ်အိုးတွင် နာရီဝက်ခန့်ပြုတ်ထားပါ၊ ကြက်မပြုတ်ခင် ကြက်သရေကို ခွာပြီး ဖယ်ထားပေးပါ။ (ပေါင်ခြမ်းသတ်သတ်ပဲဆိုရင်တော့ မိနစ်၂၀လောက်ဆိုရပါပြီး (မွေးမြူရေးကြက်ဆိုရင်ပြောတာပါ) အိမ်ကြက်ဆိုရင်တော့ နူးအိတဲ့အထိပြုတ်ရပါမယ်။ ဆားအနည်းငယ် ထည့်ပြုတ်ပေးပါ။

၂။ဒယ်အိုးထဲတွင် ကြက်သရေများကို ဆီထွက်လာအောင်ကြော်ပေးပါ။ ထိုဆီဖြင့်နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူ များကိုဆီချက် လုပ်ပေးပါ။ကြက်သရေမများပါက ရိုးရိုးဆီဖြင့်လဲ ဆီချက် ချက်လို့ရပါတယ်နော်။

၃။ဆေးပြီးသားဆန်ကို ထမင်းအိုးထဲထည့် ကြက်သွန်ဖြူဆီချက်ထည့်၊ ကြက်သားစွပ်ပြုတ်ရည်ထည့်၊ စွပ်ပြုတ်ရည်ကို ပုံမှန်ထမင်းချက်တာထက် ပိုထည့်ပေးပါ။ ဆားနည်းနည်းထည့်ပေးပါ။

၎။ကြိတ်စက်ထဲသို့ ဂျင်း၊နံနံပင်မြစ်၊ ငရုတ်သီး၊ ကြက်သွန်ဖြူ ၊ပဲပုတ်ရည်၊ ပဲဆီအနောက်၊သကြား၊ ဆား၊ ရှာလကာရည်၊စွပ်ပြုတ်ရည်တို့ထည့်ပြီးကြိတ်ပါ၊

၅။စက်နဲ့ကြိတ်ပြီးရင် အိုးထဲထည့်ပြီး ဆူလာသည်အထိပြုတ်ပေးပါ။ ဆူလာရင် မီးပိတ်ပြီး အအေးခံထားပါ။ အေးသွားရင် ပန်ကန်လုံးသေးသေးလေးထဲထည့်ထားပါ၊

၆။ပန်ကန်ထဲမှာ ထမင်းထည့် ဘေးမှာသခွားသီးအကွင်းစောင်းစောင်းလေးတွေလှီးပြီးစီထည့်၊ ကြက်သွေးလေးထောင့် အပြားလေးတွေလှီးပီးစီထည့် ။ ပြုတ်ပြီးသားကြက်သားကို အတုံးရှည်ရှည်လေးများ လှီးပြီး ထမင်းပေါ်မှာ စီထည့်ပါ။

၇။နံနံပင်ဖတ်နည်းနည်းစီထည့်ပြီးရင်တော့ အဆင့်သင့်စားသုံးနိုင်ပါပြီး။

မှတ်ချက်။ ။ပုံကတော့မီးလေးဂူဂယ်လ်ကနေရှာထားတဲ့ပုံလေးပါ ။ လုပ်စားကြည့်ကြပါဦးနော်
မီးလေးကတော့ အရမ်းကြိုက်တယ်း)




Thursday, September 29, 2011

ရင်တွင်း ဟစ်ကြွေးသံ

ငါ့ကဗျာကို နင်တို့အသေသတ်ခဲ့ပေမယ့်
ငါ့ဘ၀ကိုတော့ နင်တို့မသတ်နိုင်ခဲ့ပါဘူး.....၊

ငါ့ရဲ့ရှေ့ဆက်ရမယ့် လမ်းတွေကို ပိတ်လိုက်ကြပေမယ့်
ငါ့ခြေထောက်တွေကိုတော့ နင်တို့မရိုက်ချိုးနိုင်ခဲ့ပါဘူး..........။

ငါ့မျက်ရည်တွေကျဆင်းခဲ့ရပေမယ့်
ငါ့ရဲ့ပျော်ရွှင်မှုကို နင်တို့ထာဝရ မသိမ်းပိုက်နိုင်ခဲ့ပါဘူး.......။

Monday, January 10, 2011

အပယ်ခံရဲ့ တမ်းချင်း

ဇွန်န၀ါရီလရဲ့ အေးစက်တဲ့
ညနက်တိုင်းကို ဖြတ်သန်းရင်း
တစ်ချိန်က မင်းရဲ့ ရင်ခွင်နွေးနွေးကို
ခိုဝင်ဖူးခဲ့တာကို...........
ငါမက်မောစွာ တမ်းတမိတယ်.........၊

အေးစက်လွန်းနေတဲ့
ငါ့ရဲ့လက်ဖျားတွေကို
နွေးထွေးစွာ ဆုတ်ထွေးပေးဖူးခဲ့တဲ့
မင်းရဲ့နူးညံ့တဲ့ လက်တစ်စုံကို
ငါ အားကိုးမှုတွေနဲ့ တမ်းတမိတယ်..........၊

တစ်ယောက်ထဲ...........
အထီးကျန်ဆန်သလို ခံစားရတိုင်း
မင်းနဲ့အတူ ပျော်ရွှင်ရယ်မောခဲ့ရတဲ့
နေ့ရက်လေးတွေကိုလဲ ..........
ငါလွမ်းဆွတ် တမ်းတမိတယ်....................၊

အချိန်ရတိုင်း ဖုန်းဆက်လာတတ်တဲ့
မင်းရဲ့ဖုန်းသံလေးကိုလဲ.........
ဟိုးအရင်ကအတိုင်း
ငါ မျှော်လင့်နေမိသေးတယ်...............၊

တကယ်ဆို............
ဒီလို နေ့ရက်မျိုးတွေ
အဖြစ်အပျက်လေးတွေ မရနိုင်တော့မှန်း
သိသိကြီးနဲ့ ငါစောင့်နေမိခဲ့တယ်.................၊

ဟိုးအရင်ချိန်က ........
ငါဆုတ်ကိုင်ခဲ့ဖူးတဲ့မင်းလက်လေး
မှီခဲ့ဖူးတဲ့ မင်းပုခုံးလေး
ခုတော့လဲ ငါမဟုတ်တဲ့
တစ်ခြား တစ်ယောက်ရဲ့
ပိုင်ဆိုင်မှုတွေ အဖြစ်
ပြောင်းလဲသွားတာကို
ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ရင်း
ကွဲကြေနေတဲ့ နှလုံးသားနဲ့
(နင့်ရဲ့စွန့်ပစ်ခံ)
ငါ လုပ်ရမှာက..................
မေ့နိုင်အောင်ကြိုးစားဖို့တဲ့လား ချစ်သူရယ်................။

Sunday, January 2, 2011

မီးလေးရဲ့ နှစ်သစ်ကူးတဲ့ည

ဘာလိုလိုနဲ့ အချိန်တွေတောင်တစ်ဖြည်းဖြည်းပြောင်းလို့ ၂၀၁၁ တောင်ရောက်သွားပြန်ပြီးနော်
၂၀၀၉ new year တုန်းကတော့ စိတ်လွတ်ကိုယ်လွတ် ပျော်ခဲ့လိုက်ရတာ.......
၂၀၁၀ new year မှာတော့ စိတ်ညစ်စရာ စိတ်ရှုပ်စရာတွေနဲ့ ဦးနှောင့်ကို အလုပ်ပေးလို့
ရင်ထဲမှာ တင်းကြပ်မှုတွေနဲ့ ဖြတ်ကျော်ခဲ့ရတယ်..............

ဒီနှစ်၂၀၁၁ မှာကရော???????????

အရင်လိုအပျော်တွေကို သိပ်မရှာမိတော့ဘူး အသက်ရဲ့ ဂဏန်းတွေလဲ တစ်ဖြည်းဖြည်း
မြင့်လာပြီးဆိုတော့ လေနော်.........း-)
မီးလေးရဲ့ညီမလေးနဲ့အတူတူ ကုန်တိုက်သွားပြီး လိုချင်တာလေးတွေ လျှောက်ဝယ်ပစ်လိုက်တယ်
ညဘက်ရောက်တော့ ရုပ်ရှင်သွားကြည့်ကြတယ် သူငယ်ချင်းတွေကပြောကြတယ်
နှစ်သစ်ကူးမဲ့ညမှာမှ ရုပ်ရှင်သွားကြည့်စရာလား တဲ့ အင်းပေါ့လို့ရုပ်ရှင်လက်မှတ်က အလကားရထားတာဆိုတော့ သွားကြည့်ရတာပေါ့ ဒီနေ့date ကုန်တော့မယ် သွားကြည့်မှာပဲဆိုပြီး ဇွတ်အတင်းထွက်လာခဲ့လိုက်တယ် ရုပ်ရှင်ရုံကပြန်လာတော့ ဗိုက်ဆာလို့ ဆိုပြီး ထမင်းစားနေတဲ့အချိန်မှာပဲ
၁၂နာရီထိုးလို့ မီးပန်းတွေလွှတ်တင်တာကို TV ကနေပဲ ကြည့်ပြီး နှစ်သစ်ကူးလိုက်တော့တယ် ...
သူငယ်ချင်းအိမ်ပြန်ရောက်တော့ စကားထိုင်ပြောရင်းနဲ့ မနက်၎နာရီမှပဲ အိမ်ပြန်လာရတယ်.......

မီးလေးရဲ့ဒီနှစ် နှစ်သစ်ကူးကတော့ ရိုးရှင်းပြီး အေးအေးဆေးဆေးနဲ့ ပဲကူးဖြစ်သွားတယ်ဆိုပါတော့ရှင်.....း-)
မီးလေး ရေးထားတာလေးကို ပြီးဆုံးအောင် ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်........
သူငယ်ချင်းမောင်နှမများအားလုံး နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုချင်တာတွေကို ဖြစ်အောင်လုပ်နိုင်ပါစေလို့နော် ..............း-)



Friday, November 5, 2010

HAPPY BIRTHDAY ပါ မီးလေးဇာ ရေ

Happy Birthday MeeLayZar


HAPPY BIRTHDAY MEELAYZAR

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit